ဗေဒင်ပညာကို အစမှစနစ်တကျ လေ့လာချင်သူများအတွက် ရည်ရွယ်ပြီး ဒီဆိုက်ကို စတင်ခဲ့တာဖြစ်ပါတယ်။ ဗေဒင်ပညာလို့ ဆိုလိုက်တာနဲ့ မြန်မာပြည်က ဗေဒင်ပညာရပ်တွေရော နိုင်ငံတကာက ဗေဒင်ပညာရပ်တွေကိုကော အားလုံးကို တင်ပြနိုင်အောင် ကြိုးစားသွားမှာပါ။ ဒီနေရာမှာ မိမိတို့၏ ကိုယ်ပိုင် အာဘော်တွေ အယူအဆတွေ လုံးဝပါဝင်လာမှာမဟုတ်ဘဲ ဗေဒင်ကျမ်းအလိုအတိုင်း အတိအကျ တင်ပြပေးမှာပါ။ စိတ်ဝင်စားသူ လေ့လာချင်သူများကတော့ မိမိတို့ နှစ်သက်ရာ ခေါင်းစဉ်ကို ရွေးချယ်ပြီး လေ့လာသွားနိုင်ပါတယ်။ နေ့စဉ်နှင့်အမျှ ဆက်လက်ပြီး တင်ပြပေးမယ့် ဗေဒင်ပညာရပ်တွေကိုတော့ သက်ဆိုင်ရာ ပို့တွေရဲ့အောက်မှာ ဆက်လက်ပြီး နေ့စဉ် ပေါင်းထည့်ပြီး ဖြည့်ရေးသွားမှာပါ။ ဒီနေရာလေးကနေပြီး သက်ဆိုင်ရာ ပညာရပ်အလိုက် ဆရာကြီးများ၏ ကျမ်းများကို တိုက်ရိုက် ပြန်လည် တင်ပြပေးချင်းသာ ဖြစ်ပါတယ်။ ပြန်ကျဲနေသော ဗေဒင်ပညာရပ်များကို တစ်နေရာတည်းမှာ စုစည်းထားနိုင်အောင်နဲ့ ဗေဒင်ဝါသနာရှင်များ တစ်နေရာလေးထဲမှာပဲ ပြည့်ပြည့်စုံစုံ လေ့လာနိုင်အောင် ကြိုးစားခြင်းမျှသာ ဖြစ်ပါတယ်။ ဗေဒင်ပညာ - ဂမ္ဘိရပညာများနှင့် ပါတ်သက်သော ကျမ်းဟောင်း ကျမ်းသစ်များ အားလုံးကိုလည်း အထောက်အကူအဖြစ် ၀ယ်ပြီး တင်ထားပေးဖို့ ရည်ရွယ်ထားပါတယ်။ နောက်ပြီး ဒီကိစ္စဟာ တစ်နေ့တည်း တစ်ရက်တည်း တစ်လတည်း တစ်နှစ်တည်းနဲ့ ပြီးစီးမယ့် ကိစ္စတော့မဟုတ်ပါဘူး။ မြစ်ရေလို စဉ်ဆက်မပျက် ဆက်လက်စီးဆင်းနေမယ့် အရာသာဖြစ်ပါတယ်။ ဒါကြောင့် စာစီစာရိုက်အနေနှင့် ၀ိုင်းဝန်းကူညီပေးချင်တဲ့ သူများရှိရင် ဆက်သွယ်လာစေချင်ပါတယ်။